သုက်လွှတ်မြန်ခြင်း
25-May-2017သုက်လွှတ်စောခြင်း (သုက်လွှတ်မြန်ခြင်း) ဆိုတာက သုက်လွှတ်ခြင်းကို ထိန်းသိမ်းနိုင်စွမ်းမရှိဘဲ အချိန်တိုအတွင်း သုက်လွှတ်ခြင်းပေါ့ဗျာ။ ဘယ်လောက်အချိန်မှာပဲ သုက်ထွက်သွားတာ အင်္ဂါထဲရောက်ရုံနှင့် -သုက်ထွက်တာ၊ စက္ကန့်ပိုင်းလောက်အတွင်း သုက်ထွက်တာ၊ ပွေ့ဖက်နမ်းရုံနဲ့ပဲ သုက်ထွက်တာမျိုးထိ ရှိတတ်တယ်။ သုတေသနပညာရှင်များက အမျိုးသားတော်တော်များများမှာ ဒီပြဿနာရှိနေတတ်ကြတယ် လို့ဆိုတယ်။ အရေအတွက်အတိအကျမပြောနိုင်ဘူး။ ဒါကလည်း ဆရာဝန်တွေဆီကို လာရောက်အကူအညီ တောင်းခံဖို့ ရှက်နေကြောက်နေတာကြောင့်လည်း ပါတယ်။ ဒီတော့ လာပြမှ လာပြီးအကူအညီတောင်းမှ သိနိုင်မှာကိုး။ အမျိုးသားများရဲ့ ၂၀ ရာခိုင်နှုန်းကတော့ သုက်လွှတ်မြန်တဲ့ ပြဿနာများကိုလာပြီး တင်ပြကြတယ်လို့ဆိုတယ်။ တင်ပြတဲ့အရေအတွက်က ၂၀ ရာခိုင်နှုန်းဆိုတော့ တကယ်ဖြစ်တဲ့အရေအတွက်က ဒီထက်များများပေါ့ဗျာ။
ပျှမ်းမျှပေါ့နော်။ ၂ မိနစ်ခန့်ကြာတယ်လို့ ဆိုပါတယ်။ မြန်တာမကောင်းပေမယ့် အရမ်းကြာဖို့လည်း မလိုပါဘူး။ သုတေသနပညာရှင်တွေက အရမ်းကြာလွန်းရင် ငြီးငွေ့မှုကိုပင် ဖြစ်စေတယ်လို့ ဆိုပါတယ်။ တချို့ကကြာတာကောင်းတယ်ဆိုပြီး မှားယွင်းစွာလက်ခံထားတတ်ကြတယ်။ သုက်လွှတ်မြန်တယ်ဆိုတာ အများအားဖြင့် ခန္ဓာကိုယ်ရုပ်ဝေဒနာတွေကြောင့် မဟုတ်ကြဘူးဗျ။ စိတ်နဲ့ အဓိကသက်ဆိုင်တယ်။ သုက်လွှတ်မြန်တာဟာ လူငယ်လူရွယ်တွေမှာ အဖြစ်များတယ်။ အတွေ့အကြုံနည်းသူ တွေမှာ ဖြစ်တတ်တယ်။ စိုးရိမ်ပူပန်မှုကပဲ သုက်မထိန်းနိုင်မှုကို ဖြစ်စေတတ်တယ်။ အချိန်အကြာကြီးဆက်ဆံမှု မပြုဘဲ ပြန်လည်ဆက်ဆံတဲ့ အခါမျိုးမှာလည်း သုက်လွှတ်မြန်တတ်ပါတယ်။
Credit:
ဒေါက်တာအေးကျော်
(ဇီဝကမ္မဗေဒ)